Thursday, October 6, 2011

မျှော်လင့်ချက်မဲ့သော အချစ်တစ်ခု

အတိတ်ဆိုတာ အရိပ်လိုလိုက်နေခဲ့ရင်တောင် ငါကျေနပ်နေမှာပါ ........ငါရဲ့အတိတ်မှာ ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုမျိုးနဲ့ ပျော်ရွှင်ခဲ့ခြင်းတွေ ရိုးသားအပြစ်ကင်းတဲ့ မျော်လင့်ခြင်းတွေ မှီတည်နေခဲ့တယ်လေ..
မပိုင်ဆိုင်၇တော့ရင်တောင်..ကြည်ကြည်နူးနူး ဆွတ်ပျံ့စွာ သတိ၇နေနိုင်တာပေါ့လေ...
ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင်မေ့လျော့သွားသည်အထိ တခြားလူတစ်ယောက် အပေါ်မှာ စိတ်အာရုံတွေ စူးနစ်နေခဲ့သည်လား...

”သူ” တစ်ယောက်ထဲနဲ့ အရာရာပြီးပြည့်စုံပြိလို့ ငါ ဘယ်အချိန်က လက်ခံလိုက်မိမှန်း မသိနိုင်ခင်မှာပဲ... အဲဒီ အသိရဲ့ လှည့်စားမှုအောက်မှာ .. လူပေါင်းများစွာ

ကျရှုံးသွားကြဖူးမှန်း အရင်နားလည်လိုက်ရတယ်.. ဘယ်အရာများသေချာနိုင်သလဲ..

ငါတရားမရသေးဘူးလေ “အထီးကျန်ဖို့ တစ်ယောက်ထဲနေတာ မဟုတ်ဘူး”..လို့ အားတင်းနေရင်းနဲ့လဲ တစ်ယောက်ထဲ ဆိုတဲ့ အသိရဲ့နောက်မှာ အားငယ် အထီးကျန်ခြင်းတွေ ထိသပ်ကျီစယ်နေပြန်တယ်...

ငါပိုင်တဲ့ ငါရဲ့ ကိုယ်ခန္ဓာပဲ လို့ ထင်နေပေမဲ့ ငါ ရဲ့ ခြေထောက်တွေက လမ်းလျှောက်ဖို့ရာ မစွမ်းနိုင်တော့ရင်ရော ငါ ဘာတတ်နိုင်ဦးမလဲလေ..

အထိအတွေ့သိပ်နည်းပြီး အကာအကွယ်ဆိုလို့ ငါ မတိုမရှည် ဆံပင်လေးတွေနဲ့သာ ရံဖန်ရံခါ ဖုံးထားမိတဲ့ ငါရဲ့ နားရွက်တွေဟာ များသောအားဖြင့်အေးစက်နေတတ်တယ်..နွေးထွေးသော စကားသံတွေကို ကြားရဖို့ မျှော်လင့်ပေမဲ့ အရာရာ ကို..ကိုယ်က မထိန်းချုပ်နိုင်မှန်း ..အခံရခက်စွာ ငါ နားလည်နေပြန်တယ်.......

အောင်မြင်မှုရဲ့ ချို့မြိန်ခြင်းတွေကို ရှာမတွေ့သေးခင်မှာ ရှုံးနိမ့်မှု တွေကြား မြွေတစ်ကောင်လိုများ ခွေနေမိခဲ့သလား.....


ကိုယ်ပေးဆပ်သလောက်သာ ကိုယ်ပြန်ရရင်လို့ အရူးအမူး တောင့်တ မိပေမဲ့ ညိမျှခြင်းဆိုတာ နေရာတိုင်းမှာ အလွယ်တကူ ချပြလို့ မရမှန်း ပင့်သက်တစ်ရှိုက်နဲ့ မျိုသိပ်ရပြန်တယ်...

မတွယ်တာနဲ့တော့.... နှောင်ဖွဲ့တာတွေ ထားလိုက်တော့ ကိုယ့်စိတ်ကိုကိုယ် အခါခါ သတိပေးနေလဲ .. တစ်ယောက်သောသူ အတွက် ..အခါခါ လည်ပြန် ကြည့်နေမိတယ်.. တဆစ်ဆစ်နာနေတဲ့ ဒဏ်ရာတွေကိုတောင် အားနာပါရဲ့....

ငါခံစားနေရတာတွေ ဘယ်သူမှ မသိဘူး နားလဲ မလည်ကြဘူးလို့ မကျေမနပ်ပေါက်ကွဲနေရင်းနဲ့ ငါကိုယ်တိုင်ကရော တခြားလူတွေ အပေါ် စာနာမှုတရား ဘယ်လောက်များထားခဲ့သလဲလို့ တွေးမိတော့ အလိုလိုနေရင်း ဆွံ့အ သွားရပြန်တယ်..

ငါ အတွက်ငါ စဉ်းစားနေတဲ့အခါ ငါ မဟုတ်သော ငါ ၀မ်းနည်းနေခဲ့တယ်....

တွဲလက်တစ်ဖက်ကိုများ ငါစောင့်စားနေမိတာလားလို့ ပြန်မရတဲ့ ငါရဲ့အချိန်တွေကို နှမြောတသစွာ ညည်းမိတော့ ..

“တောက်ခနဲ ” ကျလာတဲ့ မျက်ရည်တွေက အဖြေပေးသွားတယ် .... “ဟုတ်တာပေါ့” တဲ့.......

ဖိုးဇင်(မြိတ်)




No comments: