Monday, July 16, 2007

သူငယ်ချင်းရဲ့ကောင်းမှုအကြောင်းပြုလို့

ဒီ blog ကိုစတင်ပြီး စိတ်ဝင်စားခဲ့တာ သူငယ်ချင်းတစ်ယောက်ရဲ့ကျေှးဇူးကြောင့်ပေါ့။
ကျွန်မရဲ့သူငယ်ချင်းက တစ်နေ့မှာ ကျွန်မကို တောင်ကြီးချယ်ရီ blog ကို ဖတ်ကြည်ပါလို့ပြောခဲ့တယ်။
ဒါပေမယ့် ကျွန်မဒီလောက် စိတ်မ၀င်စားသေးဘူး၊ အလုပ်ကလည်း အရမ်းများတော့ ဖတ်တော့ဖတ်ကြည့် ဖြစ်တယ်။ ကိုယ်နေထိုင်တဲ့ မြို့အကြောင်းကို ရေးထားတာလေ။ အစကတော့ ဒီလိုပဲ သမှန်ကာလျှံကာ ဖတ်လိုက် တာပဲ၊ နောက်တစ်ခါ ကျတော့ အဲဒီသူငယ်ချင်းကပဲ သူ့ရဲ့ blog address ကို သူ့ gtalk ရဲ့ message box မှာ တင်ထားတော့ ကျွန်မက ဘာရယ်မဟုတ်ဘူး ၀င်ကြည့်လိုက်တာ။ အဲဒီမှာ သူရေးထားတဲ့ စာတွေကို ကျွန်မစတင် ဖတ်ကြည့်မိတယ်။ ပြီးတော့မှ ကျွန်မ တောင်ကြီးချယ်ရီကို နောက်တစ်ခါ ထပ်ဝင်ပြီး သေချာဖတ်ကြည့်မိတယ်။ အဲဒီမှာ ကိုယ့်ဟာကိုယ်ဆို သတိမထားမိခဲ့တဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင် လှပသာယာမှု တွေကို ဓါတ်ပုံလေးတွေနဲ့ တကွ အစီအစဉ်တကျ လှလှ ပပလေးတွေ ပြုစုတင်ပြထားကြတာတွေ၊ ကိုယ့်ရဲ့ အမှတ်တမဲ့ အဖြစ်အပျက် လေးတွေ၊ ကိုယ့်ရဲ့ ထင်မြင်ချက်လေးတွေကို post တစ်ခုအနေနဲ့ တင်ပြချက်လေး တွေကို ကျွန်မ အရမ်းသဘောကျမိသွားတယ်၊ အဲဒါနဲ့ ကျွန်မ သူငယ်ချင်းကို ကျွန်မပြောပြဖြစ်တယ်။ ကျွန်မလည်း လုပ်ချင်တယ် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ သူကျွန်မကို mail နဲ့ blog လုပ်ကြမယ် ဆိုတဲ့ file လေးကို ပို့ပေးတယ်။ ဒါပေမယ့် သိတဲ့အတိုင်း connection ကမကောင်းတော့ download ကတော်တော်နဲ့ မရဘူးလေ။ သူကလည်း စိတ်ရှည်လက်ရှည်နဲ့ ကျွန်မဆီကို ပို့ပေးပါတယ်။ နောက်ဆုံးတော့ သူက ပဲ ကျွန်မအတွက် blog လုပ်ပေးလိုက်တော့တယ်။ သူလည်းလုပ်ပေးပြီးရော သူပို့ပေးတဲ့ blog လုပ်နည်း က download ရပြီး ကျွန်မအခု ဖတ်ကြည့်ပြီး လုပ်လို့ရပြီလေ၊ ကျွန်မသူငယ်ချင်းရဲ့ စာရေးကြမယ် ဆိုတဲ့ post ထဲကအတိုင်းဘာကိုမှ မစဉ်းစားပဲ ကျွန်မ အခု ပထမဦးဆုံး post ကို တင်လိုက်ပါပြီ၊ ဒါကြောင့် ကျွန်မရဲ့ post title ကို သူငယ်ချင်းရဲ့ ကောင်းမှု အကြောင်းပြုလို့ ဆိုပြီး ပေးလိုက်တယ်၊ ကောင်းတယ်မလား၊ ဝေဖန်အကြံပေးကြပါအုံးနော်။ ကျေးဇူးတင်တယ် သူငယ်ချင်းလေးရေ .....................

No comments: