Tuesday, July 17, 2007

သံသရာစက်ဝန်း

နေ့သစ်တစ်ခုကို ပြန်လည်နိုးထလာပြန်ပြီ၊
ဒီလို့နဲ့ဘဲ အချိန်နာရီတွေ တရွေ့ ရွေ့ကုန်ဆုံး၊ ရက်တွေလတွေ တရွေ့ရွေ့ ပြောင်းလဲကုန်နေပါရောလား၊
လူ့ဘ၀အချိန်ခဏတာလေးအတွင်းမှာ လူတစ်ဦးနဲ့တစ်ဦး တွေ့ကြ၊ ဆုံကြ၊ ကွဲကြနဲ့ သံသရာ စက်ဝန်းမှာ
လည်ပတ်နေရတာ အချိန်ကုန်လို့ကုန်မှန်းမသိ၊ တစ်နေ့တစ်နေ့ ၀မ်းရေးအတွက် လုံးပန်းနေရတာနဲ့
လွမ်းရေးကဘယ်ဆီရောက်နေမှန်းကို မသိဘူး၊ ဟိဟိ...
ရှေးလူကြီးတွေပြောသလိုပဲ လွမ်းရေးထက် ၀မ်းရေးကပိုခက်တယ် ဆိုတာ တယ်မှန်ပါလား၊
တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့ လုပ်နေရတာနဲ့ အချိန်က ကုန်နေတယ်။
မနက်မိုးလင်းတာနဲ့ အမေနဲ့ နှစ်ယောက်သား ချက်ပြုတ်လှဲကျင်း၊
ဆွမ်းတော်ကပ်၊ ပြီးရင် ရုံးသွားဖို့ပြင်ရဆင်ရနဲ့ တစ်ယောက်တည်း ရှုတ်ယှက်ခတ်နေတာပဲ။
ရုံးရောက်တော့ တစ်နေ့လုံး ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာထမ်းဆောင်၊
တစ်ရက်ပြီးတစ်ရက် ဒီလိုနဲ့ပဲ ကုန်ဆုံးသွားပြီး နောက်ထပ် နေ့သစ်ပေါင်း ဘယ်လောက်တောင်
ဒီလိုပဲ ပြန်လည်နိုးထလာဦးမလဲမသိဘူး....
..........သံသရာစက်ဝန်းက ဒီလိုနဲ့ပဲ လည်ပတ်ရင်း ...........
..........ကိုယ့်ရဲ့ ပြီးဆုံးသွားမဲ့ဘ၀ကို ရုန်းကန်လှုပ်ရှားရင်းနဲ့.....စောင့်စားနေရအုံးမှာပေါ့.........

No comments: