Saturday, August 4, 2007

အချိန်ရဲ့ တန်ဖိုး

လူတိုင်းလူတိုင်းဟာ အချိန်ကို လေးစားကြမယ်ဆိုရင် အရာအားလုံးကို အောင်မြင်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်မတွေ့ဖူးသလောက် လူတွေအားလုံးမှာ အချိန်ကိုလေးစားတန်ဖိုးထားတတ်တဲ့လူဟာ ၁၀၀% မှာ ၃၀% လောက်တောင်ပြည့်မယ်လို့မထင်ဘူး။ ကျွန်မလေ ငယ်ငယ်ကတည်းက စောင့်ရတဲ့အလုပ်ကို အမုန်းဆုံးပဲ (ဟဲဟဲ ချစ်သူကို စောင့်ရရင်တော့တစ်မျိုးပေါ့နော်)... ကျွန်မကိုယ်တိုင်လည်း သူများ ကိုယ့်ကိုစောင့်နေမှာ ကို အရမ်းအားနာတာပဲ.. ငယ်ငယ်ကတည်းက အကျင့်လည်းဖြစ်မှာပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့ ငယ်ငယ်က ကျွန်မရဲ့ အဖေဟာ အချိန်ကို လေးစား တန်ဖိုးထားဖို့ အမြဲပဲပြောတယ်။ ကျွန်မရဲ့အဖေဟာ ဘယ်လောက်တောင် သူများကို အားနာတတ်လည်းဆိုရင်... ကျွန်မတို့မောင်နှမ တွေထဲက တစ်ယောက်ယောက်များ မနက် အစောသွားရမယ်လို့ ညကတည်းက မပြောမိနဲ့၊ ပြောမိတာနဲ့ အဖေနဲ့ အမေက နောက်ကျမှာဆိုးလို့ မနက် (၃)နာရီလောက်ဆိုနှိုးပြီ။ အဲဒီတုန်းကတော့ အိပ်ရေးမ၀တော့ စိတ်တိုကြတာပေါ့။ ဒါပေမယ့် အဖေတို့ရဲ့ ကောင်းမှုကြောင့် ကျွန်မတို့မောင်နှမတွေဟာ သူများနဲ့ယှဉ်ရင် အေးဆေးပဲ၊ တချို့သူငယ်ချင်းတွေဆို ရောက်လာရင် ပြာရိပြာယာနဲ့ ဗိုက် မဖြည့်ခဲ့ရတာနဲ့။ ဟိုဟာ ကျန်ခဲ့ ဒီဟာ ကျန်ခဲ့နဲ့ပေါ့။ ကျွန်မတို့မောင်နှမတွေကတော့ မိဘကျေးဇူးနဲ့ အဲလိုတော့ ဘယ်တော့မှ မဖြစ်ကြဘူး။ ပြီးတော့ ငွေလည်း အပို မကုန်တော့ဘူးပေါ့နော်။ (ဟိဟိ.. ကုန်စရာလည်း မရှိလို့လေ..)။ အဲလို ကျွန်မ မိဘတွေရဲ့ ကျေးဇူးကြောင့် ကျွန်မ လုပ်ငန်းခွင်ထဲရောက်တော့လည်း ဘယ်တော့မှ နောက်ကျတယ်ဆိုတာမရှိဘူး။ နောက်ကျရမှာ ကိုယ့်ဟာကိုယ် ရှက်လာတယ်လေ။ ကျွန်မ အလုပ်လုပ်တဲ့ သက်တမ်းတစ်လျှောက် ရုံးနောက်ကျတဲ့အဖြစ်မျိုး မကြုံတော့ဘူးပေါ့။ ကိုယ်က အဲလို အချိန်ကို လေးစားတော့ တခြားလူတွေကိုလည်း လေးစားစေချင်တယ်။ ဒါကတော့ စေတနာနဲ့ပါ။ ဥပမာ ပြောရရင် ရုံးနောက်ကျရင် လူကြီးက ဆူမယ်၊ လူကြီးက ဆူရင် ကိုယ့်ရဲ့ ရွှင်လန်းနေတဲ့ စိတ်ကလေး ပျက်သွားပြီးတော့ တစ်နေကုန် အလုပ်ထဲမှာ စိတ်မပါတော့ဘူး၊ ဒါဆို အလုပ်က နှောင့်နှေးမယ်၊ ကြန့်ကြာမယ်။ ဒါဆို လူကြီးက ပိုပြီးတော့ ဆူတော့မယ်။ မဟုတ်ဘူးလား၊ သင်တို့အားလုံးလည်း အဲဒီလို့ကြုံဖူးကြမှာပါ။ (မညာကြနဲ့နော်) ဥပမာ ကျောင်းနောက်ကျတဲ့ အဖြစ်မျိုးနဲ့ပေါ့။ ဒါကြောင့် ကျွန်မက အချိန်ကို လေးစားတန်ဖိုး ထားသလို အားလုံးလည်း တန်ဖိုးထားကြပါ။ ကိုယ့်အတွက် အကျိုးမယုတ်ပါဘူး။ အချိန်နဲ့ ဒီရေသည် လူကို မစောင့် ဆိုပေမယ့် လူအများစုကတော့ အချိန်နဲ့ ဒီရေကို ပြန်စောင့်နေကြတယ်နော်၊၊ ကျွန်မပြောတာ မှန်တယ် မလား။ မှန်တာပြောရင် ရွာ ပြင်ထွက်ရတတ်တယ်တဲ့ ။ ကျွန်မ ရွာပြင်ကိုတော့ မထွက်နိုင်ပါဘူးနော်...
ကဲဝေဖန်အကြံပေးကြပါအုံးလို့........

No comments: