ကျွန်မ blog လုပ်ရတာကို အရင်တုန်းက လွယ်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ကျွန်မလုပ်ကြည့်တော့ အခက်အခဲတွေ အများကြီး ပေါ်ပေါက်ခဲ့ရပါတယ်။ ကျွန်မရဲ့ blog ကအရင်က သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ လှလှပပ ဖြစ်ခဲ့ရတာပါ။ အခု ကျွန်မကိုယ်တိုင် စမ်းသပ်ပြီး template ပြောင်းကြည့်တော့ ကျွန်မရဲ့ c box က ပျောက်သွားရော ဒါနဲ့ ကျွန်မ အရမ်းလန့်သွားတာပေါ့။ ဒါပေမယ့် ကျွန်မ ဇွဲမလျော့ပဲ ပြန်လုပ်ကြည့်တာ c box ကို ကျွန်မ ကောင်းကောင်းထည့်တတ်သွားပါပြီ။ နောက်ထပ်လည်း ကျွန်မရဲ့ blog ကို ဒီထက်ကောင်းအောင် လုပ်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်မရဲ့ blog ကို အားပေး ဖတ်ရှုသူတွေအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မအတွက် အခု လောလောဆယ် စိတ်ဝင်စားဖွယ် အကောင်းဆုံးအရာကို ပြောပြပါဆိုရင် blog လုပ်ရာတာကို ကျွန်မ အရမ်းစိတ်ဝင်စားသွားပါပြီ။ ကျွန်မရဲ့ အားလပ်နေတဲ့အချိန်တိုင်းကို blog မှာ ပိုစ့်လေးတွေရေးဖို့နဲ့ သူများရဲ့ blog တွေကို လိုက်ဖတ်ရင်း ကိုယ့် blog မှာ ဘာပြန်ပြောင်းစရာလိုသေးလဲဆိုတာကို ပြန်ကြည့်ရတာ မောလို့မောမှန်းတောင် မသိတော့ပါဝူးကွယ်..ကျွန်မက ကွန်ပျူတာနဲ့ ပတ်သက်ရင် သူများနည်းတူ သိချင်တယ်။ လုပ်တတ်ချင်တယ်။ လုပ်တတ်အောင်လည်း ကြိုးစားမယ်။ ဒါက ကျွန်မရဲ့ Target ပါ။ ကျွန်မချစ်သူကို ဒီ post လေးပေးဖတ်လိုက်ရင် သူနားလည်မယ်လို့ ထင်ပါတယ်။
အားလုံးကို ကျေးဇူးတင်တဲ့... လွမ်း
အားလုံးကို ကျေးဇူးတင်တဲ့... လွမ်း
1 comment:
အားပေးနေပါတယ် ဆက်တင်ပေးပါ
Post a Comment