ကျွန်မရဲ့ blog လေးကို တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေတာနဲ့ပဲ ကျွန်မ အချိန်တွေ အရမ်းကုန်မှန်းမသိ ကုန်နေတယ်။ ကျွန်မကလေ post အသစ်တင်ရတာထက် သူများ blog တွေကို လျှောက်ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ blog မှာ ဘာတွေ ထပ်ထည့်ရင်ကောင်းမလဲ ဆိုပြီး လျှောက်စမ်းရတာကို ၀ါသနာအရမ်းပါတာသိလား၊ ဒါပေမယ့်လေ ကျွန်မရဲ့ blog ကိုအားပေးတဲ့ သူငယ်ချင်းတွေကိုလည်း အရမ်းအားနာတယ်။ ဘာလို့လည်းဆိုတော့ သူတို့အနေနဲ့လည်း blog တစ်ခုကို ဖွင့်ကြည့်ရင် post အသစ်လေးတော့ ဖတ်သွားချင်ရှာမှာပေါ့နော်။ ကျွန်မက ကိုယ့် blog ကိုပဲ တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေတာ တကယ့် blogger တွေအနေနဲ့တော့ ကျွန်မ ပြောင်းလို့ပြောင်းထားမှန်းတောင် သိကြမှာမဟုတ်ဘူးဆိုတာ ကျွန်မနားလည်ပါတယ်။ ကျွန်မက အကြောင်းအရာတစ်ခုကို သိလိုက်ရတယ်ဆိုရင် post တင်ဖို့တော့ စိတ်ကူးလိုက်တာပါပဲ။ ဒါပေမယ့် ကျွန်မ မတင်ဖြစ်တာများတယ်။ ဒါကြောင့် ကျွန်မသိထားတဲ့ အကြောင်းအရာ ကလည်း ကြာတော့မေ့မေ့သွားတယ်။ အခု ကျွန်မရဲ့ blog ကို ကျွန်မစိတ်ကြိုက်ပြင်ပြီးသွားပြီ ဆိုရင် ကျွန်မ post တွေတင်ဖို့ကြိုးစားသွားမှာပါ။ ကျွန်မရဲ့ post တွေကို စိတ်ရှည်သည်းခံပြီး စောင့်ဖတ်ပေးကြတဲ့အတွက် ကျွန်မကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မကလေ သူများတွေလို စာရေးတာမတော်ဘူးသိလား။ ကျွန်မကိုသူငယ်ချင်း တစ်ယောက်ကပြောဖူးတယ်။ စာရေးတယ်ဆိုတာ သူများရဲ့ ရင်ထဲကို တစ်ခုခု ကျန်ခဲ့မှ ပိုကောင်းမှာပေါ့တဲ့။ ပေါ့ပေါ့လေးမတွေးနဲ့ ပေါ့ပေါ့လေးမရေးနဲ့တဲ့လေ။ ဒါကြောင့် ကျွန်မက စာရေးတာမတော်တော့ မရေးဖြစ်တာလည်းပါပါတယ်။ ကဲပါ နောက်ဆိုရင် ကျွန်မကြိုးစားပြီးရေးသွားမယ်နော်။ အားလုံးအတွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment