ပို့စ်အသစ်တင်မယ်လို့ စဉ်းစားလိုက်၊ အလုပ်က မအားလိုက်၊ စဉ်းစားထားတဲ့ အကြောင်းအရာက မေ့သွားလိုက်နဲ့။
ဘာလုပ်ရင်ကောင်းမလဲမသိတော့ဘူး။ ဘာလိုလိုနဲ့ 2008 ခုနှစ်ကို ရောက်တာ (၁)လပြည့်တော့မယ်။ ဒီလထဲမှာ ဘာ ပို့စ်မှလည်း မတင်နိုင်ဘူး။ အားပေးကြတဲ့ သူငယ်ချင်းတွေကိုတောင် အားနာလာပြီ။ နှစ်အစမှာပဲ အလုပ်တွေ ပိနေတယ်။ ပြီးတော့ အခင်ရဆုံး သူငယ်ချင်းတွေကလည်း အဝေးမှာဆိုတော့ သူငယ်ချင်းကို လွမ်းလိုက်တာ။ ကျွန်မနဲ့ အဲဒီသူငယ်ချင်းက အရမ်းကိုခင်တာ။ ညီအစ်မလိုပေါ့နော်။ သူ ကျွန်မဘေးမှာ မရှိတော့ကတည်းက ကျွန်မအတွက် အထီးကျန်ခြင်းကို ရရှိခံစားရတာပါပဲ။ အရင်ကတော့ သူနဲ့ ကျွန်မ e-mail အဆက်အသွယ် တော့ အမြဲရှိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူလည်း အလုပ်များလို့ထင်တယ် ကျွန်မဆီ အရင်ကလောက် e-mail မပို့ဖြစ်သလို၊ ကျွန်မလည်း မပို့ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်မသူ့ကို အမြဲတော့ သတိရနေပါတယ်။ အခုတော့ သူက အဝေးမှာ အိမ်ထောင်ကျသွားပြီတဲ့။ ကျွန်မအတွက် ပိုပြီးအထီးကျန်သွားသလို ခံစားရတယ်။ အော်ပြီးတော့လေ သူနဲ့ ကျွန်မက အိမ်ထောင်အရင်ကျတဲ့သူက ကြိုက်တဲ့ဆိုင်မှာ မုန့်ကျွေးကြေးဆိုပြီးလောင်းထားတာ။ သူကျွန်မကို ကျွေးရတော့မယ်။ ဟီဟိ ကျွန်မကတော့ စားရမယ့်သူဆိုတော့ ဘယ်မေ့ပါမလဲ။ သူလည်း သတိရနေမှာပါ။ သူမေ့နေရင်လည်း ဒီ blog ကို ဖတ်ကြည့် ရင် သိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကို တင်လိုက်တာလေ။ သူ အောက်တိုဘာလလောက် မြန်မာပြည်ကို ပြန်လာမယ်လို့တော့ပြောတယ်။ အဲဒီကျရင်တော့ သူနဲ့ ပြန်တွေ့ရမှာပါနော်။ သူ့ကို အရမ်းသတိရတဲ့အချိန်မှာ သူနဲ့ ကျွန်မတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ပြန်ကြည့် ရင်း ကျောင်းတက်တုန်းက အချိန်လေးတွေရယ်၊ သူ့မွေးနေ့နဲ့ ကျွန်မရဲ့ မွေးနေ့တွေမှာ သူနဲ့ ကျွန်မ အတူတူ လည်ပတ် စားသောက်ခဲ့ကြတာလေးတွေကို ပြန်သတိရတယ်။ သီရိရေ နင့်ကို ငါအရမ်းသတိရတယ်ဟာ။ နင်ငါ့ရဲ့ blog ကို ဖတ်ဖြစ်မယ်လို့ထင်ပါတယ်ဟာ။ ကိုယ်ချင်းတော့စာပါတယ်။ နင်လည်း အလုပ်များနေမယ်ဆိုတာကိုလေ။ ငါ့ကို သတိရနေရင်ပဲကျေနပ်ပါတယ်ဟာ။
Saturday, January 26, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment