
ရင်နှင့်အမျှချစ်ရတဲ့ သူငယ်ချင်းကို
တွေ့နေမြင်နေရလို့ ချစ်ချင်ပေမယ့်
ဟန်ဆောင်မျိုသိပ်ထားရင်း တိတ်တခိုးလေးနဲ့
ချစ်နေလိုက်တာ မျှော်လင့်မထားဘဲ
ရုတ်တရက်ခွဲခွာသွားရတော့ အသဲကွဲပြီပေါ့
ဝေးသွားပြီ သူငယ်ချင်း
တွေ့ချင်မြင်ချင်ပေမဲ့ တွေ့ခွင့်မြင်ခွင့်မရှိ
ကိုယ်စီအလွမ်းတွေနဲ့ တမ်းတမ်းတတ
လွမ်းနေခဲ့ရပြီ နှလုံးသားတွေဟာလဲ
လွမ်းချင်းတွေကို ရင်ခွင်ပိုက်မျိုသိပ်ရင်း
ချစ်ခြင်းများစွာနဲ့ တွေ့ခွင့်ဆုံခွင့်တွေကို
ရင်ခုန်လှိုက်မောစွာ စောင့်မျှော်နေခဲ့ပြီ
ပြန်လည်ဆုံတွေ့ခွင့်ရှိခဲ့မယ်ဆိုရင်
သူငယ်ချင်းလေးရယ် ...................
No comments:
Post a Comment