
တေးသွားတစ်ခုမှာ
ငါယစ်မူးစွာ နစ်မျောနေတယ်
အရင်လိုပါပဲ
နူးညံ့ခြင်းတွေလည်း ပျော်ဝင်လို့
သီချင်းတို့ရဲ့အကြား
ငါလှမ်းအသွားမှာ
သံစဉ်အချို့နဲ့ ခလုတ်တိုက်
ခပ်စိုက်စိုက်ကြည့်လိုက်တော့
ခေါင်းမော့ပြီး မျက်စောင်းထိုး
ငါ့ကို ချိုးသွားခဲ့တယ်
တဆိတ်နားထောင်လှည့်
ကြိုးပြတ်သွားတဲ့ ဂီတာနဲ့
ငါနှိပ်စက်လိုက်အုံးမယ်
အလှည့်ကျရင် မနွဲ့စတမ်းပေါ့ကွယ်......
No comments:
Post a Comment