ဇွန်လဟာ ကျွန်မရဲ့ အမေနဲ့ ညီမလေးတို့ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတိုက်ဆိုင်တာက ကျွန်မညီမလေးရဲ့ အ

င်္ဂလိပ်လို မွေးနေ့က ဒီနေ့ ဇွန် (၂၇)ရက်နေ့ဖြစ်ပြီးတော့ ကျွန်မအမေရဲ့ မွေးနေ့ မြန်မာလို နယုန်လဆုတ်(၁၀)ရက်နေ့ မနက်ဖြန် ဇွန်(၂၈)ရက်နေ့ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မက သူတို့အတွက် အမှတ်တရအဖြစ် ဒီပို့စ်လေးကို တင်လိုက်တာပါ။ ကျွန်မအမေကတော့ မွေးနေ့မှာ ကျွန်မနဲ့ တူတူ ရှိနေပြီး ညီမလေးကတော့ မိသားစုအတွက် ဟိုးအဝေးတစ်နေရာဖြစ်တဲ့ Dubai မှာ ရောက်နေပါတယ်။ ဒါပေမယ့် တစ်ခုအဆင်ပြေတာက သူ့မွေးနေ့မှာ ကျွန်မနဲ့ သူ online မှာစကားပြောဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကတော့ ဒီနေ့ ကျွန်မ ညီမလေးရဲ့မွေးနေ့ဆိုတာကို သူပြောမှသိတယ်။ အဲဒါနဲ့ သူက ကျွန်မကို စိတ်ကောက်ပါလေရော။ ကျွန်မလည်း သူ့ကို ချော့တဲ့အနေနဲ့ အလွန်လှပတဲ့ မွေးနေ့ကဒ်လေး တစ်ခုကို ပို့လိုက်တဲ့ အခါမှာ သူကျွန်မကို စိတ်ဆိုးပြေသွားပါတယ်။ အခုလည်း သူတို့အတွက် ကျွန်မ ဒီပို့စ်ကလေး တင်တယ်ဆိုတာ သိရင် ကျွန်မရဲ့မေတ္တာကိုသိပြီး သူကျွန်မကို ကျေးဇူးတင်မယ်လို့ထင်ပါတယ်။ မနက်ဖြန် ကျွန်မအမေရဲ့ မွေးနေ့ကိုတော့ ကျွန်မတို့ ဘုန်းကြီးကျောင်းဆွမ်းပို့ပါမယ်။ ပြီးတော့ ညနေကျရင် ကျွန်မအစ်ကိုအကြီးဆုံးကို ပြောထာ

းတယ်။ ကြက်ကြော် ၀ယ်လာပေးဖို့၊ :P ဟဲဟဲ ကျွန်မကတော့ စိတ်သာရှိတာ money က မရှိလေတော့။ :D ဒီတိုင်းပဲ ကန်တော့လိုက်တော့မယ်လေ။ အစ်ကိုကျွေးမဲ့ ကြက်ကြော်စားပြီး :P အဝေးမှာ ရှိတဲ့ ညီမလေးရေ အဲဒီအချိန်မှာ ငါနင့်ကို သတိရလိုက်မယ်နော်။ အမေနဲ့ ညီမလေးနဲ့ ဇွန်လမှာ ကျရောက်တဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ...........ဆုမွန်ကောင်းတောင်းလိုက်ပါတယ် မေမေနဲ့ ညီမလေးရယ်။ :P
No comments:
Post a Comment