ငွေလသာတဲ့ ညချမ်းအချိန်မှာ ကျွန်မရဲ့ ရင်ထဲမှာသာနေတဲ့ လလေးတစ်စင်းဟာ “ကို”ပါပဲကွယ်.... ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ ချစ်ရည် ရွှမ်းတဲ့ ”ကို့”ရဲ့ မျက်ဝန်းလဲ့လဲ့လေးနဲ့ ရင်ဆိုင်ကြည့်လိုက်ရရင် မိုးကောင်းကင်ပေါ်က ကြယ်ကလေးတွေတောင် ငိုမဲ့မဲ့ဖြစ်ကုန်လိမ့်မယ်ထင်ပါတယ် “ကို”....
ကိုနဲ့ ဝေးနေရတဲ့ အချိန်တွေဟာ ကျွန်မအတွက်တော့ လမိုက်ညလိုပါပဲကွယ်.. ဒါ့ကြောင့်မို့ ကျွန်မရဲ့ ရင်ထဲမှာ သာနေတဲ့ “ကို” ဆိုတဲ့ လမင်းလေးရယ်.. ကျွန်မနဲ့ဝေးရာကို ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့လားနော်...
နံနက်ခင်းလေးရဲ့ နေခြည်နုနုမှာ....ငှက်ကလေးတွေ.. တေးသံပြုနေကြသလို...ကျွန်မရဲ့ ရင်ထဲမှာသီကျူးနေတဲ့ ချစ်ငှက်ငယ် “ကို”ကတော့ .....ဒီလောကမှာ ပြိုင်ဘက်ကင်းပါပဲ ... ကို........။
“ကို့” ရဲ့ချစ်သံစဉ် ချိုမြမြတွေဟာ ဂန္တ၀င်တေးသွားတောင် လိုက်လို့မမှီပဲ စူးရှရှနဲ့ ကျွန်မရဲ့ ရင်ထဲထိ တိုးဝင်ခဲ့တယ်... ဒါကြောင့်မို... “ကို”ဆိုတဲ့ ချစ်ငှက်ငယ်လေးရယ်.. ကျေးဇူးပြုပြီး ကျွန်မနဲ့ ဝေးရာဆီကို ထွက်မသွားပါနဲ့နော်...
ကျွန်မနဲ့ “ကို”က တစ်ပြည်တစ်နယ်စီ ဝေးနေကြပေမယ့်... နှလုံးသားချင်းကတော့ အမြဲနီးနေပါတယ်... နေ့၊ လ၊ ရက်တွေ အလီလီပြောင်းနေပေမယ့် ကျွန်မနဲ့ “ကို” ရဲ့ ရင်ခုန်သံတွေကတော့ အမြဲပဲ လတ်ဆတ် သစ်လွင်နေတယ်ဆိုတာကို နှလုံးသွေးနဲ့ သက်သေထူပြီး ကမ္ဘာတည်သရွေ့ ချစ်နေပါရစေ... “ကို”........။

No comments:
Post a Comment