
နင်ကလည်း အတော်ဆုံးမဟုတ်ခဲ့ဘူး။
ဒါပေမယ့် ဆုံမှတ်တစ်ခုမှာ
ငါတို့တွေ့ခဲ့ကြတယ်.......
နင်ကလည်း အချစ်ဦးမဟုတ်ခဲ့သလို
ငါကလည်း အချစ်သစ်မဟုတ်ခဲ့ဘူး။
ဒါပေမယ့် ငါတို့ တစ်ယောက်နဲ့တစ်ယောက်
အချစ်ဆုံးဖြစ်ခဲ့ကြတယ်.........
ငါ့ချို့ယွင်းချက်တွေ နင်သိတယ်။
နင့်အပြစ်အနာတွေလည်း ငါသိတယ်။
နင့်ရဲ့ အချစ်နဲ့ ငါချို့ယွင်းချက်တွေကို
နင် နားလည်ပြင်ဆင်ပေးခဲ့တယ်။
ငါရဲ့ အချစ်နဲ့လည်း နင့်အနာအဆာတွေ
ဖေးမ ထောက်ကူပေးခဲ့တယ်.......
ငါတို့နှစ်ဦးကြားမှာ
သ၀န်တိုခြင်းနဲ့ ချုပ်နှောင်တာထက်
ယုံကြည်ခြင်းနဲ့ နားလည်ပေးထားတယ်။
ငါတို့ နှစ်ယောက်လုံးအတွက်
ငါတို့ နှစ်ယောက်လုံးက
အဓိကတော့ မဟုတ်ဘူး။
ဒါပေမယ့် ငါတို့နှစ်ယောက်လုံးအတွက်
တစ်ယောက်နဲ့ တစ်ယောက်က
မ၇ှိမဖြစ်တွေဘဲ.........
မနက်ဖြန်တွေက စောင့်ကြိုနေပြီ။
ငါ့လက်ကို ဆွဲကိုင်ထားပေးပါ။
နင့်ပခုံးပေါ်မှာ ငါ့ရဲ့ပါးပြင်
ခဏ အပ်ထားပါရစေ။
ရိုမက်တစ် ဆန်တဲ့ ချစ်ခြင်းအတွက်
ငါ့စိတ်အာရုံကို နင်ထံ ဆက်သတယ်။
နင့်နှလုံးသားကိုလည်း
ငါ့ကိုဘဲ အပ်နှင်းပါ။
တကယ်တော့ဟာ ..
romantic ဆန်တဲ့ ချစ်ခြင်းတစ်ခုဖြစ်ဖို့
ငါတို့ နှစ်ယောက်လုံးက
perfect ဖြစ်စရာမလိုဘူး။
တစ်ယောက်ကိုတစ်ယောက်
ဖေးမတတ်ဖို့နဲ့
နေ့တိုင်းမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့နဲ့
နားလည်ခွင့်လွှတ်ပေးတတ်ဖို့ဘဲ
လိုအပ်တာပါ ချစ်သူရယ် ......။
No comments:
Post a Comment