ဟင်... ဒီနေ့မနက် ရုံးရောက်ပြီးမကြာဝူး... လွမ်းဆုရဲ့ နားထဲမှာ အိုးစည်.. ဗုံမောင်းသံတွေ ကြားလို့ပါလား... ဘယ်ကပါလိမ့်လို့ အဖြေရှာကြည့် လိုက်တော့ ...... တွေ့ပါပြီ... လွမ်းဆုတို့ တောင်ကြီးမြို့ရဲ့... နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဘုံကထိန်ပွဲတော် ရက်မရောက်ခင်... တောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန် (အရပ်အခေါ်.. ပအိုဝ်းကထိန်ပေါ့လေ).. ဒီနေ့လမ်းမတစ်လျှောက် လှည့်တာပဲ...
အော်...ဒါနဲ့ပဲ...အိုးစည်သံကြားတာနဲ့ မနေနိုင်မထိုင်နိုင် လွမ်းဆုတစ်ယောက် ရုံးပေါ်ကနေ အပြေးဆင်းပြီး... ဓါတ်ပုံဆင်းရိုက်ရတာ မောတယ်လို့ မထင်မိပါဝူး.. ဘာလို့လဲဆိုတော့ လွမ်းဆုလိုပဲ... အဝေးရောက်နေတဲ့ တောင်ကြီးသူ၊ တောင်ကြီးသားတွေအားလုံး ဒီခံစားချက်မျိုး ခံစားရလိမ့်မယ်လို့ လွမ်းဆု ယုံကြည်မိလို့ပါ... လွမ်းဆု တစ်ယောက်ထဲ ကထိန်ဆင်းကြည့်ရတာထက်.. သူများတွေကိုလည်း မျှဝေချင်တဲ့စိတ်က ၀င်နေပြန်ရော... ဒါနဲ့ပဲ လွမ်းဆု အပြေးအလွှားသွားရိုက်ထားတဲ့ ဓါတ်ပုံတွေကို တခြားသူတွေကို ဝေမျှလိုက်ပါတယ်နော်..... :D

No comments:
Post a Comment