Tuesday, June 12, 2012

အက်ရာထင်သွားတဲ့ မှန်ကလေး

အချစ်ဟာ .. မှန်လေးတစ်ချပ်နဲ့တူမယ်ဆိုရင်...
ကျွန်မမှာလဲ.. မှန်တစ်ချပ်ရှိတယ်..
မှန်လေးကို ကြာရှည်အသုံးပြုချင်တယ်ဆိုရင်တော့... သေချာဂရုစိုက်မှဖြစ်မယ်..
သေချာဂရုမစိုက်မိလို့ လွတ်ကျသွားတာဖြစ်ဖြစ်.. တိုက်မိသွားရင်ပဲဖြစ်ဖြစ်....
ချက်ချင်း မကွဲသွားရင်တောင်မှ.. အစင်းကြောင်းထင်သွားလိမ့်မယ်...
အစင်းကြောင်းထင်ပြီးသား မှန်တစ်ချပ်ဟာ နဂိုမှန်လေးအတိုင်းတော့
ဘယ်သောအခါမှ ပြန်ရနိုင်မှာမဟုတ်တော့ပါဘူး...
ဒါကြောင့်.... သေချာဂရုစိုက်ဖို့လိုတာပါ...
အချစ်ကလည်း ....ဒီသဘောအတိုင်းပါပဲ.....
ရေရှည်တည်မြဲတဲ့အချစ် တစ်ခုဖြစ်ဖို့အတွက်....

တစ်ဦးနဲ့တစ်ဦး နားလည်ဖို့လိုမယ်.... ပွင့်လင်းဖို့လည်း လိုအပ်မယ်...
တစ်ဦးရဲ့ အမှားကို တစ်ဦးက လက်ခံ ခွင့်လွှတ်ပေးနိုင်ရမယ်...
တစ်ခုခုဆို မျှဝေပေးနိုင်ရမယ်..
ဒီလိုမှ မဟုတ်ဘဲ တစ်ဦးကိုတစ်ဦး အပြစ်မြင်မိမယ်...
ဂျီကျအရွဲ့တိုက်မိမယ်....အရာရာကို လျှို့ဝှက်လွန်းမယ်..ဆိုရင်...
ဘယ်လိုပဲ အလျှော့ပေးသည်ဖြစ်စေ..
ဘယ်လိုပဲ နားလည်မှုရှိတယ်လို့ ပြောနေပါစေ...
ဘယ်လောက်ပဲ ချစ်နေပါတယ်.....
အစင်းကြောင်းထင်သွားပြီဖြစ်တဲ့ အချစ်ကလည်း...
နဂိုအတိုင်း ပြန်ချစ်လာဖို့ထက်...
ကွဲကွာသွားဖို့က ရာခိုင်နှုန်း များနေပါတယ်..
ဒါကြောင့်မို့....
ချစ်မိပြီဆိုရင်... အစင်းကြောင်းမထင်အောင် ဂရုစိုက်ဖို့လိုမယ်လို့...
ကျွန်မကတော့ သုံးသပ်မိပါတယ်....
လောကမှာ ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကို ခံစားဖူးတဲ့သူမှ သိနိုင်မှာပါ....
ကျွန်မလို ဒုက္ခမျိုး မခံစားရအောင်လို့ ကျွန်မ ဒီပိုစ့်လေးကို ရေးမိတာပါ...
ချစ်သူတိုင်းကိုတော့ မရည်ရွယ်ပါဘူး....
ကျွန်မက စိတ်အားငယ်တတ်တယ်....
တစ်ခါတစ်လေ အထီးကျန်သလို ခံစားနေရတတ်တယ်...
သ၀န်လည်း တိုတတ်တယ်...
ဘာမဟုတ်ဘဲ စိတ်ကောက်တတ်တယ်..
ဒါပေမယ့်... ခဏတာပါပဲ...
ချစ်သူ စိတ်မကောင်းဖြစ်တာမြင်ရင် ... ကျွန်မ သ၀န်တိုမိတာတွေ...
စိတ်ကောက်မိတာတွေကို အမြဲနောင်တရတတ်ပြီး...
အလျှော့လည်း ပေးတတ်ပါတယ်...
ချစ်သူကို စိတ်ရှုတ်စေလောက်အောင်လည်း
ကျွန်မအချစ်က ပြင်းထန်လွန်းခဲ့တယ်....
ဒါတွေက အက်ရာထင်စေမယ့်...
အစင်းကြောင်းတွေမှန်း သိလိုက်ရတဲ့အချိန်မှာ....
ကျွန်မဘက်က အားလုံးနောက်ကျသွားပြီ.......
ဘာကြောင့်ဆိုတာကို ရေရေရာရာ မသိလိုက်ရပေမယ်...
ဒါတွေအားလုံးဟာ ကျွန်မရဲ့ တပစ်တောက်တောက် ပြောဆိုမှု၊
ကျွန်မရဲ့ ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်တတ်မှုတွေက...
ဂျစ်တိုက်မှုတွေက....
ချစ်သူနဲ့ ကျွန်မရဲ့ကြားမှာ... အက်ရာထင်စေမယ့် (အစင်းကြောင်းထင်စေမယ့်)
အဖြစ်အပျက်တွေမှန်.... ကျွန်မ ကြိုတင်သိခဲ့မယ်ဆိုရင်.....
ကျွန်မဘက်က ထိန်းသိမ်းခဲ့မှာပါ....
အခုတော့.... ကျွန်မရဲ့ မှန်ကလေး (ချစ်သူ)ကို...
ကျွန်မ ဆုံးရှုံးရတော့မှာလားလို့.....
တွေးမိတာနဲ့တင်...ကျွန်မရင်ထဲမှာ... တစ်စစ်စစ်နဲ့ နာကြင်လွန်းတာ...
ချစ်သူ..သိပါ့မလား...
သိခဲ့ရင်တောင်မှ... လက်တွေ့ဆန်ဆန် နေတတ်တဲ့
ချစ်သူက အပိုတွေပါလို့ ပြောမှာလား.....
တကယ်လို့သာ...
ကျွန်မ မက်မောတဲ့ မှန်ကလေး(ချစ်သူ)က
ကျွန်မကြောင့် အစင်းကြောင်းထင်သွားပြီဖြစ်တဲ့ မှန်ကလေး(ချစ်သူ)က
တခြားသူကြောင့် ပြန်ပြီး အကောင်းအတိုင်း ဖြစ်သွားမယ်ဆိုရင်....
ကျွန်မစွန့်လွှတ်ရကျိုး.... ရင်နာရကျိုး... နပ်ပါတယ်...ဘာပဲဖြစ်ဖြစ်လေ...
ကျွန်မမျှော်လင့်တာက မှန်ကလေး(ချစ်သူ) ချောမွေ့နေစေဖို့ပါ...
ဘာကြောင့်မှန်း ရေရေရာရာ မသိပေမယ့်...
အချိန်တိုင်းလည်း ဆုတောင်းပေးနေပါ့မယ် မှန်ကလေး(ချစ်သူ)ရေ........

Lwansu@ Colleen.thi .... (11-6-2012, 18:38 PM)

No comments: