Wednesday, June 20, 2012
ငါဘယ်လိုရှေ့ဆက်ရမလဲ
ခရေပွင့်လေးတွေရယ်...
နင်နဲ့ငါနဲ့က ဘ၀တူတွေလို့ ထင်ခဲ့ပေမယ်..
နင်က ငါ့ထက်တော့ သာပါသေးတယ်....
နင်က မွှေးပျံ့တဲ့ ရနံ့လေးတွေကို ပိုင်ဆိုင်ထားတာကြောင့်
အချိန်တန်လို့ မြေမှာ ခ ခဲ့ရင်တောင်မှ
နင့်ရဲ့ ရနံ့လေးကြောင့် ဥပက္ခာပြုတဲ့သူ ရှားမှာပါဟာ...
နင့်ရဲ့ သင်းပျံ့တဲ့ ရနံ့လေးကြောင့် ကောက်ယူ နမ်းရှိုက်တဲ့သူတွေလည်း နည်းမှာမဟုတ်ပါဘူး..
ဒါကြောင့် နင်အားမငယ်ပါနဲ့...
ငါနဲ့စာရင် နင်က တော်ပါသေးတယ်ဟာ...
ငါ့ဆီမှာက ဘာပိုင်ဆိုင်မှုမှကိုမရှိတာ..
ပညာနတ္ထိ အ၀ီစိနဲ့
ရုပ်ရည်က ဗလာသုည..
ငွေကြေးဥစ္စာ မျှော်တွေးဖို့ရာ
ဘာဆိုဘာမှ မပိုင်ဆိုင်တဲ့သူတစ်ယောက်ပါ..
ဒါတောင်မှ ငါ့ဘက်က ပစ္စည်းမဲ့မာနနဲ့ ဘယ်လိုပဲ ကာရံထားပါစေ..
ငါချစ်တဲ့သူအပေါ်မှာ ငါ မာန မထားနိုင်ခဲ့ဘူး..
ငါဟာ.. ရှေးကံအကြောင်းမလှလို့ (ဘယ်သူမပြုမိမိမှု)
စွန်းထင်းခဲ့ပြီးတဲ့ ငါ့ရဲ့ဘ၀ပါ...
ငါဟာ...နန်းထိုက်တဲ့ တော်ဝင်ပန်းလည်း မဟုတ်ပါဘူး...
ရနံ့မွှေးပျံ့တဲ့ ခရေပန်းလည်း မဟုတ်ပါဘူး...
ဒါ့ကြောင့် ဘယ်သူမှလည်း ငါ့ရဲ့ ၀မ်းနည်း နာကျင်မှုကို ဂရုမစိုက်မိပါဘူး...
ငါ့ရဲ့ဘ၀ဟာ....
ဘယ်အရာကိုမှ ငါမပိုင်ဆိုင်ရပေမယ့်..
ငါ့ကိုချစ်တဲ့သူ... ငါ့ဘ၀ရဲ့ စွန်းထင်းမှုတွေကိုလည်း ပွင့်လင်းစွာ သိခဲ့သူ
ဒါတွေကို နားလည် ခွင့်လွှတ်ပေးနိုင်တယ်ဆိုတဲ့..
ငါကို ချစ်ခဲ့၊ နားလည်ခဲ့၊ ကောက်ယူ နမ်းရှိုက်ခဲ့တဲ့
ငါ့ရဲ့ ချစ်သူကတောင်... ငါ့ကို အရာမသွင်းတော့တဲ့ဘ၀ပါ..
အဲ့ဒီတော့ ငါက ဘာမျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်ရမှာလဲ....
ခရေပန်းလေးတွေသာ
စကားပြောတတ်မယ်ဆိုရင်လေ...
ငါ့ဘ၀က နင့်ထက်သာပါတယ်လို့များ ပြောမှာလား...
အရာတိုင်းက ငါ့ကို လှောင်ရီနေသလိုဘဲ...
ငါဘယ်လို ရှေ့ဆက်ရမလဲ...
ငါဘယ်လို ရှေ့ဆက်ရမလဲ...
ငါဘယ်လို ရှေ့ဆက်ရမလဲ...
ပြောပြပေးပါ ခရေပွင့်လေးတွေရယ်.....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment