ငယ်ငယ်တုန်းက ပွဲသွားရင် မိုးပျံပူပေါင်းလေး အရမ်းလိုချင်လို့ ပူဆာခဲ့ဖူးတယ်...ပြီးတော့ ကိုယ်အရမ်းနှစ်သက်မိတဲ့ ပူပေါင်းလေးတွေ လက်ကနေ လွတ်ထွက်သွားမှာကို စိုးကြောက်လို့ ခပ်တင်းတင်းလေး ဆုတ်ကိုင်ထားမိခဲ့ဖူးတယ်...ဒါပေမယ့်.... ကြာလာတာနဲ့အမျှ ပူးပေါင်းလေးတွေ ပိန်ချုံးလာတာ ကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ဖူးတယ်..ဒါနဲ့ နောက်ဆို မိုးပျံပူပေါင်းလေးတွေ ၀ယ်ပြီး လက်ထဲမှာ ဆုတ်ကိုင်မထားတော့ပဲ ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်တဲ့အခါမှာ မိုးပျံပူပေါင်းလေးတွေက ကောင်းကင်ပေါ်ကို လွှင့်ခနဲ ၀ဲပျံတက်သွားတယ်.. အပြာရောင်မိုးကောင်းကင်ပေါ် ၀ဲပျံနေတဲ့
ရောင်စုံ ပူပေါင်းလေးတွေကို ကြည့်ပြီး... အရမ်းကြည်နူးဖို့ ကောင်းတာပဲ.. ကောင်းကင်ပြာပြာလေးနောက်ခံမှာ မိုးပျံပူပေါင်းလေးတွေ ရောင်စုံပျံဝဲနေတာ..အရမ်းကို လှပ ကဗျာဆန်လိုက်တာ...အရမ်းကို ကြည်နူးပျော်ရွှင်ခဲ့ရတယ်.....
ဒီလိုနဲ့ အရွယ်ရောက်လာတော့ အချစ်ကို မရှာဖွေဘဲ အလိုလိုထိတွေ့မိသွားတယ်.. ကိုယ်အရမ်းချစ်တဲ့ ချစ်သူကို ငယ်ငယ်တုန်းက မိုးပျံပူပေါင်းလေးလိုချင်ခဲ့သလိုပဲ အရမ်းပိုင်ဆိုင်ချင်ခဲ့တယ်... နှစ်ယောက်သားလည်း ကတိတွေပေးပြီး ဆုံကြမယ့်နေ့ကို လက်ချိုးရေလို့ မျှော်လင့်ချက် ရောင်ခြည်လေးနဲ့ ပျော်ရွှင်ခဲ့မိတယ်... ငါဟာ ကိုယ်ချစ်တာကိုပဲ အကြိမ်ကြိတ် ရွတ်ဆိုပြခဲ့ပြီး... ငါ့ချစ်သူ အဆင်ပြေပျော်ရွှင်ရဲ့လားဆိုတာကို မကြည့်ခဲ့တဲ့ သူတစ်ယောက်လား....ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကလည်း မိုးပျံပူပေါင်းလေးလိုပဲ.. ကိုယ့်လက်ထဲ ပိန်ချုံးလာမှာလားလို့ အကြိမ်ကြိမ် တွေးကြည့်မိတယ်.. သူပျော်ရွှင်ရဲ့လား.. သူစိတ်ညစ်နေမှာလားဆိုတာကို သေချာမတွေးမိဘဲနဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်အတိုင်း သူ့ကို ချည်နှောင်ဖို့ ကြိုးစားမိတယ်... ချစ်သူကပြောတယ်.. လောလောဆယ် တစ်ယောက်တည်း နေချင်တယ်တဲ့.... ငါမကြားချင်ဆုံးစကားလုံးတွေပါပဲ.. ဒါပေမယ့် ချစ်သူရယ်.. ငါမှ နင်နဲ့ ခွဲပြီး မနေနိုင်တာ... ကိုယ့်ကို ခွဲမသွားပါနဲ့လို့လည်း ပြောခဲ့မိတယ်.. ဒါတွေကို
ပြန်စဉ်းစားမိတော့ ငါဟာ အလွန် အတ္တကြီးတဲ့သူတစ်ယောက်ပါလား... ငါ့ရဲ့
တောင်းဆိုမှုကြောင့် ချစ်သူ ဘယ်လောက် စိတ်မွန်းကြပ်လိုက်မလဲလို့ ငါဘာလို့
မတွေးမိခဲ့ရတာလဲ... ဒါပေမယ့်လေ... ကိုယ်က ချစ်ရတဲ့သူဆိုတော့ သူ့ကို အမြဲပျော်ရွှင်စေမိခဲ့တာပါ....သူပျော်ရင် ကိုယ်လည်း ပျော်ရသလို.. သူစိတ်ညစ်ရင် ကိုယ်လည်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်...တဖြည်းဖြည်း စဉ်းစားမိတော့ ငါချစ်သူကို လွတ်လပ်ခွင့်ပေးသင့်တယ်လို့ ထင်တယ်.. ငါနင့်ကို ချစ်ခဲ့တာ.. ပေးဆပ်မှုသက်သက်ပါ.. သူများတွေက အချစ်ကို ဘယ်လို စကားလုံးတွေနဲ့ တိုင်းတာတယ်ဆိုတာ မသိပေမယ့်.. ငါကတော့ ပေးဆပ်မှုတွေနဲ့ပဲ ချစ်ချင်ခဲ့တာပါ... ချစ်သူရယ်.. အချိန် အတိုင်းအတာတစ်ခုလေးတော့ စောင့်ပေးပါ... မွေးကတည်းက ကံမကောင်းခဲ့တဲ့ငါ... ငါ့ရဲ့ မွေးနေ့မှာ နင့်အတွက် အကောင်းဆုံး အဖြေကို ရှာတွေ့မယ်လို့ထင်ပါတယ်... ခဏလေးပဲ စောင့်ပေးပါနော်.... ငါ့မွေးနေ့ရောက်ဖို့ ရက်အနည်းငယ်ပဲ ကျန်တာပါ.... ကံဆိုးမှုများစွာနဲ့ မွေးဖွားလာတဲ့ ငါ့ရဲ့ မွေးနေ့လေးမှာပဲ ငါ.. နင့်အတွက် အကောင်းဆုံး အဖြေရှာပေးပါရစေ....မိုးပျံပူပေါင်းလေးတွေလိုပဲ နင်လည်း နင်နဲ့ လိုက်ဖက်မယ့် ၀န်းကျင်မှာပဲ လှပပျော်ရွှင်နေတာကို ငါကြည့်ပြီး ကြည်နူးနေမှာပါ.. ချစ်သူ.... ငါလေ.. နင့်ကို ချစ်လွန်းလို့ပါ... ဒါတွေအားလုံးဟာ နင့်ကိုချစ်လွန်းလို့ပါချစ်သူရယ်.....ရောင်စုံ ပူပေါင်းလေးတွေကို ကြည့်ပြီး... အရမ်းကြည်နူးဖို့ ကောင်းတာပဲ.. ကောင်းကင်ပြာပြာလေးနောက်ခံမှာ မိုးပျံပူပေါင်းလေးတွေ ရောင်စုံပျံဝဲနေတာ..အရမ်းကို လှပ ကဗျာဆန်လိုက်တာ...အရမ်းကို ကြည်နူးပျော်ရွှင်ခဲ့ရတယ်.....
မကြာခင် မိုးတွေရွာတဲ့ နေ့တစ်နေ့မှာ ငါ့ကို ကံဆိုးလွန်းစွာ မွေးဖွားခဲ့တဲ့ ငါ့ရဲ့ မွေးနေ့ရောက်လာတော့မှာပါ.............................................ချစ်သူ...
No comments:
Post a Comment