skip to main |
skip to sidebar
“စကားတစ်လုံးရဲ့ တန်ဖိုး“
စကားတစ်လုံးကို
မျက်လုံးနဲ့ပြောတဲ့အခါ
မျက်လုံးဟာ
မှုန်ပြာနေသလား
ရွှန်းလဲ့နေသလား။
စကားတစ်လုံးကို
နှုတ်ဖျားနဲ့ပြောတဲ့အခါ....
နှုတ်ဖျားဟာ
တုန်ခါနေသလား
တည်ငြိမ်နေသလား။
စကားတစ်လုံးကို
အသည်းနှလုံးနဲ့ပြောတဲ့အခါ...
အသည်းနှလုံးဟာ
အကြင်နာရှိသလား
ကင်ဆာရှိသလား။
စကားတစ်လုံးကို
ဦးနှောက်နဲ့ ပြောတဲ့အခါ.....
ဦးနှောက်ဟာ
ရွှင်လန်းနေသလား
ပင်ပန်းနေသလား။
စကားတစ်လုံးရဲ့ တန်ဖိုး
စကားတစ်လုံးရဲ့ အဆုံးအစ
အတိမ်အနက်၊ လေးနက်ခိုင်မာ
သစ္စာရှိ မရှိ.... ကတိတည် မတည်
ဒီအပေါ်မှာ.....
ကိုယ့်စကား... ကိုယ်တာဝန်ယူ
စိတ်ဓါတ်ဖြူစင် ဖြောင့်မတ်နေမယ်ဆိုရင်...
အို... လောကအ၀န်း
အလှပန်းတွေဟာ ကမ္ဘာအနှံ့
သင်းပျံ့မွှေးကြိုင်နေမှာ.....။
(ဖျာပုံနီလုံဦး-D-wave journal)
No comments:
Post a Comment