Sunday, September 18, 2011

နေနှစ်စင်းကို လှည့်ပတ်နေသည့် ဂြိုဟ်မှန်တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု နက္ခတ္တပညာရှင်များက စက်တင်ဘ 14 ရက်က ထုတ်ဖော်ပြောကြားခဲ့


၎င်းဂြိုဟ်သည် ကမ္ဘာမှ အလင်းနှစ် 200 ခန့်အကွာတွင် ရှိပြီး ဂြိုဟ်ပေါ်တွင် အေးခဲနေသော ကျောက်တုံးကျောက်ခဲ များနှင့် ဓါတ်ငွေ့များ တည်ရှိနိုင်မည်ဟု ယူဆထားကြောင်း၊ အဆိုပါဂြိုဟ်၏ အမည်မှာ Kepler-16b ဖြစ်ပြီး စနေဂြိုဟ်၏ အရွယ်အစားခန့်ရှိကြောင်း၊ ယင်းဂြိုဟ်လှည့်ပတ်လျက်ရှိသည့် နေတစ်စင်း၏ အရွယ်အစားမှာ ကမ္ဘာမှ မြင်ရသည့် နေ၏ အရွယ်အစားထက် သုံးပုံနှစ်ပုံခန့်ရှိပြီး အခြားနေတစ်စင်း၏ အရွယ်အစားမှာ ငါးပုံတစ်ပုံခန့်ရှိသည်။

သိပံ္ပံပညာရှင်များသည် အဆိုပါနေနှစ်စင်းကို လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်ကို နာဆာမှ လွှတ်တင်ထားသည့် Kepler အာကာသယာဉ်ပေါ်မှ တွေ့ မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ Kepler အာကာသယာဉ်ကို 2009 ခုနှစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်ပါသည်။
ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးသည် သိပ္ပံဝတ္ထုများထဲတွင်သာ ရှိနိုင်သည်ဟု ယခင်က ယူဆထားခဲ့သော်လည်း လက်တွေ့ တွင် ဖြစ်ပျက်လျက်ရှိသည့်အရာများကို သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။


No comments: