ဘလော့ဂ်တွေပြန်ပွင့်နေပြီဆိုတဲ့ သတင်းလေးကြားလိုက်တာနဲ့ ပထမဦးဆုံး ၀မ်းသာမိတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ခေါင်းပြန်လေးသွားတယ်။ လွမ်းဆု စာမရေးဖြစ်တာကြာပြီဆိုတော့ ဘယ်ကနေ ဘယ်လို ပြန်ပြီးအစကောက်ရမလဲမသိတော့ဝူး။ နောက်ပြီး လွမ်းဆုရဲ့ ဘလော့ဂ်မှာ ပြက္ခဒိန်တွေလဲ update ပြန်လုပ်ဖို့လိုသေးတယ်။ ပိုစ့်တွေကလည်း ဒီအတိုင်း တစ်ပုဒ်လုံးအရှည်ကြီးဖြစ်နေတာတွေကို ပိုစ့်ခေါက်ဖို့ကလည်း လိုနေသေးတယ်။ မလုပ်တာကြာတော့ မေ့တေ့တေ့ဖြစ်နေပြီ (အသက်အရွယ်ကြီးလာတာကလည်း တစ်စိတ်တပိုင်းပါမှာပေါ့လေ :) ) လွမ်းဆု ဒီလောကထဲကို ပြန်ဝင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ပထမဦးဆုံး ကိုယ့်ရဲ့စာမျက်နှာကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဘယ်လို ဖန်တီးရမလဲပေါ့။ စာမျက်နှာလေးက စိတ်ဝင်စားဖို့ကောင်းနေပြီထားအုံး.. လွမ်းဆုရေးထားတဲ့စာလေးတွေကရော ခေါင်းစဉ်လေးကြည့်လိုက်တာနဲ့ ဖတ်ချင်စိတ်ပေါက်အောင် ဘယ်လို ဆွဲဆောင်ပြီး၊ ဘယ်လို အိုင်ဒီယာလေးတွေ သုံးပြီးရေးရင်ကောင်းမလဲပေါ့။ အဲ့ဒီတော့ လွမ်းဆု စာများများ ပြန်ဖတ်ရမယ်။ သူများတွေလုပ်ထားတဲ့ blog တွေကိုကြည့်၊ ပြီးရင် သူတို့ရဲ့ blog မှာ Template က ဘယ်လို လုပ်ထားလဲ။ အကြောင်းအရာအလိုက် ပိုစ့်တွေကို ဘယ်လိုလေးစီထားလဲ၊ အလွယ်တကူရှာဖွေလို့ရတဲ့ Search Engine ဘယ်လိုဖန်းတီးရမလဲ (ဟိ တော်တော်ကျည်ပြန့်သွားပြီး အတွေးထဲမှာတော့၊ လက်တွေ့ စမ်းသပ်လေ့လာရဖို့ပဲလိုတော့တယ် :P )အဓိကကတော့ HTML ကုဒ်တွေကို ပြန်လေ့လာရတော့မှာပါလားလို့ တွေးကြည့်လိုက်တာ.. အောင်မငီး..........များတော့အများသားဟ လုပ်ရမှာတွေ... အချိန်ပေးနိုင်ဖို့ရယ်.. တကယ်လုပ်ချင်စိတ်ရှိဖို့ရယ်ပဲလိုပါတော့တယ်.. ကဲ ဆက်ပြီးသာ ကြိုးစားပေတော့ .... လွမ်းဆုရေ.. (ဟဟ .. ကိုယ့်ဘာသာပြန်အားပေးရပြီ)။
Friday, September 16, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment