ရိုးသားစွာဖြင့် ချစ်မယ်.။
အလိမ်ညာပလီပလာတွေ ၊မာယာတွေ နဲ့
ပျိုးခင်းထားတဲ့ ပန်းတစ်ပွင့်ကို မင်းရင်မှာ

မပန်ပေးချင်ဘူး..။
ချစ်သူ.....
တစ်ခါတစ်ခါ ရိုးသားမှု့က နားခါးတယ်.။
ခံစားလို့ မကောင်းဘူး.။
မုသားမပါ လင်္ကာမချောတဲ့..
မုသားသုံးရင် မင်းပျော်နေမယ်.
မင်းခံစားလို့ကောင်းမယ်..
ဒီအပျော်..ဒီခံစားမှု့မျိုး..နဲ့ မင်းပျော်နေတာ မမြင်ချင်ပါဘူး.။
ချစ်သူ...
ပွင့်လင်းတဲ့ အဖြူရောင် စိတ်ဓါတ်တွေနဲ့ အချစ်တွေကို..
မွေးဖွားမယ်.။
ဒီရင်ဘတ်ကို ဟင်းလင်းဖွင့်ထားတယ်..။
အပုတ်သိုးတွေလည်းရှိမယ်..
အနွမ်းတွေလည်းး ရှိမယ်.။
အကောင်း အဆိုးဒွန်တွဲနေမယ်..။
ဟန်မဆောင်ဘူး..
မလိမ်ညာဘူး...
ဒီရင်ကို ဟင်းလင်းဖွင့်ထားတယ်.
မြင်သာအောင်..ကြည့်ပါ..။
No comments:
Post a Comment