Thursday, September 15, 2011

ပြန်လည်ရှင်သန်လာတဲ့ Blogger ဘဝ

ဒီနေ့ မေးလ်စစ်ကြည့်တာနဲ့ ၀မ်းသာစရာ သတင်းကောင်းတစ်ခုကြားလိုက်ရတယ်.. သိလား.. ဘာလို့လဲဆိုတော့ Myanmar IT Development မှာ member ၀င်ထားတဲ့ သူက အသင်းဝင်အားလုံးကို စာပို့ခွင့်ဆိုတဲ့ နေရာမှာ ကျွန်မက လက်ခံထားတယ်လေ.. နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးတွေ အသစ်တင်တိုင်း ကျွန်မရဲ့ မေးလ်ထဲကို ရောက်နေကြပေါ့..
ဒီနေ့တော့ ကျွန်မအတွက် ၀မ်းသာစရာက ခါတိုင်းဖတ်နေကြပို့စ်တွေထက် ချက်ချင်း ၀င်ဖတ်ချင်စိတ်ပေါက်သွားတာက Blogger သမားများအတွက် ၀မ်းသာစရာသတင်းကောင်း ဆိုတဲ့ ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ တန်းခနဲ စိတ်ဝင်စားပြီး ၀င်ဖတ်မိသွားတာပါ.. အဲ့ဒီမှာ ခါတိုင်း ဘလော့ဂ်တွေကိုကြည့်ချင်ရင် ဟိုကျော်ရ၊ ဒီကျော်ခွနဲ့ proxy မျိုးစုံသုံး၊ နည်းမျိုးစုံသုံးပီးဝင်တာတောင် ၀င်လို့ရဖို့ မသေချာခဲ့တာ နှစ်နဲ့ချီသွားပါပြီ။ အဲ့လို အပိတ်ခံရပြီးတဲ့နောက်ပိုင်း ကျွန်မလည်း ဘလော့ဂ်ရေးတာကို စိတ်မရှည်တာနဲ့ (စိတ်က သိတဲ့အတိုင်း လက်တစ်သစ်တောင် မပြည့်ချင်ဝူး... :P ) ၀င်မရေးဖြစ်တာ ဒီနေ့တော့ စမ်းသပ်ရင်းနဲ့ ကိုယ်ဖန်တီးထားတဲ့ ကိုယ့်စာမျက်နှာလေးကို ပြန်မြင်ရတော့ အတိုင်းမသိဝမ်းသာမိတာပေါ့ရှင့်... လွမ်းဆုတို့ အရင်ကဆိုရင် Blogger.com ကိုဝင်ရင် Access Denied ဆိုပြီးပြပြီနေပါတယ်.။ အဲ့လိုဖြစ်တဲ့အတွက် Blogger နဲ့ ရေးထားတဲ့ Webpage ဖြစ်တဲ့ blogspot.com ကို လဲကြည့်လို့ မရတော့ပါဘူး..။ အခုဆိုရင် Blogger.com ကို ပြန်ဖွင့်ပေး လိုက်တဲ့အတွက် blogspot.com ကိုပါ ကျော်စရာမလိုဘဲကြည့်လို့ ရပါပြီ..။ ကဲ Blogger နဲ့ website ထောင်ထားတဲ့လူတွေလည်း လွမ်းဆုလိုပဲ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းရင်း.....
လွမ်းဆု

No comments: