ချစ်သူ...
လရောင်ကြောင့် ပဒုမ္မာကြာတွေ ပွင့်ကြပေမယ့်..
အပြာရောင်အချစ်ကြောင့်ပဲ.. အကြင်နာလမ်းမှာ...
သာယာခြင်းတေးဆိုတာ မဟုတ်ပါဘူး....
ဘ၀မှာ အသားမာတက်နေတဲ့ အရိုးမဲ့လျှာတစ်ချောင်းဟာ..
နေပူခံကျောကုန်းနဲ့ အချိုလောင်းထားတဲ့ ရောင်းတမ်းဝင် ပျားရည်တုတွေကြောင့်...
အခါးတွေပဲ....စားသုံးခဲ့ရတာပါ...
အပေါ်ယံအပြုံးတစ်ချို့နဲ့... မီးသင့်မြေနှလုံးသား (မွေးထဲက မှားခဲ့တဲ့)
သီးစားချမဲ့ စီမံကိန်းနဲ့.. ပျော်ရွှင်ခြင်းဝတ်ရုံတုအတင်းခြုံ...
အချိန်တန်တိုင်း..... စိတ်ကျန်းမာရေးချုပ်နှောင်ခြင်းဝတ်စုံလို့...
ဘ၀မှာသံသယတစ်ချက်... ပြက်ခနဲလက်တိုင်း..
ရိုင်းစိုင်းတဲ့အကျဉ်းသားဘ၀ ခံယူထားသူပါ......
(MMA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment